superstarစွန့်လွှတ်ခြင်းရဲ့သုခကို မရသေးသမျှ ပိုင်ဆိုင်ခြင်းရဲ့ဒုက္ခကို ခံရမယ်။ သူတော်ကောင်းများ ခံယူချက် မှားယွင်းမှုဟူသည် မောဟမကင်းသူ လူတိုင်းနှင့် ဆက်ဆံ၏။ သူတစ်ပါးမှားလျှင် အမှန်ရောက်အောင် ငါပြင်မည်။ ငါမှားလျှင် သူတစ်ပါးအပြင်ကို ငါခံမည်။ ငါ့ကို ပြုပြင်သူကို ငါ့ဆရာဟု အသိအမှတ်ပြုမည်။ သူတစ်ပါးအကျိုးကို ငါလိုလားမှ ငါ့အကျိုးကို သူတစ်ပါးက လိုလားမည်။ ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍ ဆောင်ရွက်မည်။ ငါ့အလိုသို့သာ တစ်ဖက်သတ်လိုက်သူမှာ ငါ့မိတ်ဆွေ မဟုတ်။ သုခ၏မျိုးစေ့ဖြစ်သော ဒုက္ခကို ရဲဝံ့စွာ ငါခံယူမည်။ ဒုက္ခ၏ မျိုးစေ့ဖြစ်သော သုခကို ရဲဝံ့စွာ ငါရှောင်ရှားမည်။ ငါ့အလုပ်နှင့်တူသော အကျိုးကို မချွတ် ငါရမည်။ (ရွှေဟင်္သာတော်ရဆရာတော်ကြီး ဘဒ္ဒန္တ၀ိမလ

မိကိုယ်ကို ရှေးဦးစွာလျောက်ပတ်သော အကျင့်၌ သွင်းထားပြီးနောက်မှ အခြားသူကိုဆုံးမရာ ၏။ ပညာရှိသည် ဂုဏ်ညစ်ညူးသူမဖြစ်သင့်။

အခြားသူကို ဆုံးမသလို မိမိကိုယ်ကိုလည်း ထိုအတိုင်း ပြုလုပ်ရာ၏။ ကိုယ်တိုင်က ယဉ်ကျေးပြီး မှ အခြားသူကိုဆုံးမရာ၏။ အမှန်ကား မိမိကိုယ်သာ ဆုံးမရခက်သည်။ (ဓမ္မပဒ)

လူသည် မွေးဖွားလာကတည်းက သက်ရှင် တည်မြဲရေးအတွက် အမိအဖတို့၏ အစောင့်အရှောက် ကိုခံယူရသည်။ အတန်ငယ်အရွယ်ရလာ၍ စကားပြော တတ်၊ သိတတ်သောအချိန်ကစတင်၍ မိဘတို့၏ သွန် သင်ဆုံးမမှုကို ခံယူရ၏။ စာသင်ကျောင်းသို့ ရောက် သောအခါ ဆရာဆရာမတို့၏ မကောင်းမြစ်တာ ကောင်းရာညွှန်မှုကို ခံယူရပြန်၏။ ပညာဆည်းပူးမှုပြီး ဆုံး၍ လုပ်ငန်းခွင်ဝင်သောအခါ၌လည်း လုပ်ငန်းခွင် ဆိုင်ရာ အကြီးအကဲ၏ အဆုံးအမကို ခံယူရပြန်၏။ အမှန်တော့ လူဟူသည် လေ့ကျင့်သင်ကြားပျိုးထောင် မှုကို ခံယူရရှိမှသာ ရုပ်ရောစိတ်ပါ ဖွံ့ဖြိုးတိုးတက်လာ ရခြင်းဖြစ်ပါ၏။

ကောင်းသောအကျင့်စရိုက်ဟူသည် ငယ်စဉ် ကပင် ပျိုးထောင်မွေးမြူရသောအရာဖြစ်ပါ၏။ အသက် အရွယ်ကလည်း နုနယ်ငယ်ရွယ်၊ အတွေ့အကြုံလည်း နည်းပါးသောအရွယ်တွင် မိဘဆရာသမားအကြီး အကဲများ၏ ပညာÓဏ်အမြော်အမြင် ဆင်ခြင်တုံ တရား၊ မေတ္တာတရား၊ ကရုဏာတရားအရင်းခံဖြင့် ယှဉ် သောဆိုဆုံးမမှုကို ကောင်းစွာခံယူတတ်ဖို့လိုပါသည်။ မိဘဆရာသမားတို့၏ မကောင်းမြစ်တာ ကောင်းရာ ညွှန်မှုကို ပမာမပြု ဂရုမထားခဲ့သော် အကွပ်မဲ့ကြမ်း ပရမ်းပတာဖြစ်တတ်ပါ၏။ ငယ်နုစဉ်ကာလ သူငယ် ဘ၀သည် ကျောက်ရိုင်းတုံးနှင့် ပမာတူကြောင်း ရွှေ ကျင်သာသနာပိုင် မြောင်းမြဆရာတော်ကြီးက... ''ကျောက်သံပတ္တမြားဆိုတာ တွင်းထဲက ထွက်လာတဲ့အတိုင်း အရိုင်းသက်သက်ဆိုရင် သိပ် တန်ဖိုးမရှိလှသေးဘူး။ ကျွမ်းကျင်ထက်မြက်တဲ့ ကျောက် သွေးသမားတွေရဲ့ ပြုပြင်မှု၊ အကွက်ဖော်ပေးမှု၊ အရောင်တင်ပေးမှုကိုရမှသာ တန်ဖိုးမြင့်တဲ့ကျောက် ကောင်းဖြစ်လာနိုင်တယ်။ ပတ္တမြားဆန်ကျိုး အဖိုးပြည် တန်ဆိုသလိုပေါ့''ဟု မိန့်တော်မူခဲ့ပါ၏။ ငယ်ရွယ်နုနယ် သေးသူတစ်ယောက် လူတော်လူကောင်းဖြစ်ဖို့ မိဘ ဆရာသမားတို့၏ ဆုံးမမှုကို နာခံတတ်ဖို့လိုကြောင်း၊ တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာ ဘိဝံသက ဤသို့မိန့်တော်မူခဲ့ပါသည်။

''လူတော်လူကောင်းတစ်ယောက်ဖြစ်ဖို့ အရေးမှာ ကောင်းကောင်းနေတတ်ဖို့၊ ကောင်းကောင်း ပြောဆိုဆက်ဆံတတ်ဖို့၊ မိဘဆရာသမား လူကြီးသူမ တွေရဲ့ ဆိုဆုံးမတာကို ကောင်းကောင်းနားထောင် တတ်ဖို့ အရေးကြီးပါတယ်''

ငယ်နုစဉ်ကာလ အမိအဖတို့၏ သွန်သင် ဆုံးမမှုကို လိုက်နာမှသာ ''သားသမီးကောင်း''ဖြစ်မည်။ ဆရာဆရာမတို့၏ ပဲ့ပြင်ဆုံးမမှုကို ကောင်းစွာခံယူမှ သာ ''တပည့်ကောင်း''ဖြစ်မည်။ လုပ်ငန်းဆိုင်ရာ အထက်

အရာရှိ၏ လမ်းညွှန်မှုကို လိုက်နာဆောင်ရွက်မှသာ ''၀န်ထမ်းကောင်း''ဖြစ်မည်။

သားသမီးဘ၀၊ ကျောင်းသားဘ၀ဟူသော မိုင်တိုင်များကို ကျော်ဖြတ်ပြီးသောအခါ မိမိကိုယ်တိုင် ပင် အမိအဖဖြစ်လာသည်။ အသက်အရွယ်အရ ဦး ကြီးဦးလေး၊ ဒေါ်ကြီးဒေါ်လေးဖြစ်လာသည်။ ပညာ ရေးဝန်ထမ်းအဖြစ် အသက်မွေးသူတို့အနေဖြင့် ''ဆရာ'' ဖြစ်လာသည်။ အချို့လည်း မိမိ၏လုပ်ငန်းဌာနစုတွင် ''အရာရှိ''ဖြစ်လာသည်။ ထိုအခါ တစ်ချိန်က ''အဆုံးအမ ခံသူ''ဖြစ်ခဲ့ရာမှ ''ဆုံးမသူ''ဖြစ်လာသည်။ မြန်မာသဒ္ဒါ အသုံးအနှုန်းဖြင့်ဆိုသော် ''အပြုခံကံ''အဖြစ်မှသည် ''ပြုသူကတ္တား''ဖြစ်လာသည်။

မိမိကိုယ်တိုင် အမိအဖဖြစ်သောအခါ မိမိ ၏သားသမီးများကို လူတော်လူကောင်းတွေ ဖြစ်စေ ချင်သည်။ လူချွန်လူမွန်တွေ ဖြစ်စေချင်သည်။ မိဘ မေတ္တာဖြင့် သားသမီးတို့ကို ဆိုဆုံးမသည်။ လမ်းညွှန် သွန်သင်သည်။ မိမိဆုံးမသည့်အတိုင်း သားသမီးတို့က လိုက်နာဆောင်ရွက်စေချင်သည်။ မိမိ၏ဆုံးမစကား ကို သားသမီးတို့က မြေ၀ယ်မကျ နားထောင်စေချင် သည်။ ဆရာဆရာမဖြစ်လာသောအခါ မိမိတို့၏တပည့် များကို အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာရည်ချွန် စေချင်သည်။ ဆရာဆရာမတို့၏ မေတ္တာအရင်းခံလျက် တပည့်တို့အား သွန်သင်ဆုံးမမှုပြုသည်။ မိမိသွန်သင် ဆုံးမသည့်အတိုင်း တပည့်တို့က တစ်သဝေမတိမ်း လိုက် နာဆောင်ရွက်စေချင်သည်။ လုပ်ငန်းဌာနတွင် အရာ ရှိဖြစ်လာလျှင် မိမိတာဝန်ယူအုပ်ချုပ်ရသော ၀န်ထမ်း တို့အား လုပ်ငန်းဆိုင်ရာ လမ်းညွှန်မှုများပြုကြသည်။ ၀န်ထမ်းစည်းကမ်းကို တိတိပပလိုက်နာစေရန် ကြီးကြပ် ရသည်။ မိမိလက်အောက်ရှိ ၀န်ထမ်းများက မိမိ၏ လမ်းညွှန်သွန်သင်မှုအပေါ် ပြည့်ပြည့်၀၀ လိုက်နာစေ ချင်ကြသည်။

မိမိကိုယ်တိုင်က ဆိုဆုံးမရသူ၊ သွန်သင်ရသူ၊ ဦးဆောင်လမ်းညွှန်ရသူဖြစ်လာသောအခါ အဆုံးအမ ခံသူဖြစ်သော မိမိ၏သားသမီး၊ တပည့်လက်အောက် ၀န်ထမ်းတို့က မိမိ၏ဆိုဆုံးမမှု၊ လမ်းညွှန်သွန်သင်မှု တို့ကို ရာနှုန်းပြည့်လိုက်နာဆောင်ရွက်စေချင်ကြသည် ချည်းဖြစ်ပါ၏။ ထိုသို့မိမိ၏ သွန်သင်ဆုံးမမှုကို တိတိ ပပ လိုက်နာဆောင်ရွက်စေလိုသော် နှုတ်ဖြင့်ပြောဆို ဆုံးမရုံမျှနှင့် မလုံလောက်ပါ။ မိမိကိုယ်တိုင်က မိမိဆုံးမ သည့်အတိုင်း ကျင့်ပြနေထိုင်ပြဖို့လိုပါသည်။ မိမိကိုယ် တိုင်က စံပြသဖွယ်ပြုမူနေထိုင်ခြင်းက နှုတ်ဖြင့်ဆုံးမ ခြင်းထက်ပင်ပို၍ထိရောက်ပါသည်။

နှုတ်ဖြင့်ဆုံးမခြင်းထက် လက်တွေ့အလုပ်နဲ့ ပဲ ဆုံးမချင်ကြောင်း၊ ကျေးဇူးရှင်ဓမ္မဒူတ အရှင်ပညာ ဇောတဆရာတော်ကြီးက ဤသို့ မိန့်တော်မူခဲ့ပါ၏။

''နှုတ်ကဆုံးမရတာထက် အလုပ်နဲ့ပဲ ပိုပြီး ဆုံးမချင်တယ်။ ပရိယတ္တိအတွက် အကျင့်နဲ့ပြည့်စုံတဲ့ စာသင်တိုက်ကြီး တည်ထောင်ပြထားတယ်။ ပဋိပတ္တိ အတွက် ရှေ့ကနေနေပြတယ်။ အလုပ်နဲ့ပဲ ဆုံးမချင် တယ်။ တရားပြဆရာဆိုတာ ဘုရားဟော တရားတော် တွေကို နည်းနည်းရှင်းပြရုံနဲ့ မပြီးဘူး။ ကိုယ်တိုင်လဲ ကျင့်ပြနေပြရတယ်။ ကိုယ့်ရဲ့လုပ်ပုံနေပုံကို မယုံကြည် ရင် တရားကိုပါ မယုံကြည်ဖြစ်သွားမယ်''

ဆရာတော်ကြီး အမိန့်ရှိတော်မူသည်မှာ များစွာဦးထိပ်ပန်ဆင်ဖွယ်ဖြစ်ပါသည်။ ကျောင်းတိုက် ကြီးကို ဦးဆောင်အုပ်ချုပ်ရသော ဆရာတော်ကြီးတစ် ပါးအနေဖြင့် အစစစံပြသဖွယ်နေထိုင်ကျင့်ကြံရပါ၏။ သို့မှသာမိမိ၏ တပည့်သံဃာများကို ဆိုဆုံးမရလွယ် ပေလိမ့်မည်။ တစ်ခါက ရဟန္တာဟု ကျော်ကြားတော် မူသော ညောင်လွန့်တောရ ဆရာတော်ကြီးကို ညောင်လေးပင်မြို့က ဘုန်းကြီးနှင့် ဒကာဒကာမများက သူတို့မြို့တွင် တစ်ဝါတစ်ချီ သီတင်းသုံးချီးမြှောက်တော် မူပါရန် တောင်းပန်လျှောက်ထားကြပါသည်။ ဆရာ တော်ကြီးက ထိုတောင်းပန်လျှောက်ထားမှုကို လက်ခံ တော်မမူဘဲ အောက်ပါနှစ်သိမ့်စကားကိုသာ ဆိုတော် မူခဲ့ပါသည်။

''ယခုလို ပင့်ကြတာကိုများစွာ ၀မ်းမြောက် ပါတယ်။ သို့သော်လဲ ငါတို့နေတဲ့ ညောင်လွန့်က တောကြီး ဖြစ်လို့ အာရုံငါးပါးမရှိဘူး။ ကိုယ်တိုင်ဆွမ်းခံစားရပြီး စားရတဲ့ အာဟာရကလဲ ခေါင်းပါးတော့ တောနဲ့ ခေါင်း ပါးတဲ့အစားအသောက်က ပရိသတ်ကို တစ်ဝက်ဆုံးမ ပြီး ဖြစ်နေတယ်။ တို့များက တစ်ဝက်သာ ဆုံးမရ တော့သက်သာတယ်။ သင်တို့ ညောင်လေးပင်က မြို့ ဆိုတော့ လူမျိုးစုံနေကြထိုင်ကြလို့ တို့မှာဆုံးမရခက် လိမ့်မယ်။ တို့များလဲ ဆင်းရဲရလိမ့်မယ်။ ဒါကြောင့် ၀မ်းမြောက်သော်လဲ သည်းခံကြပါ''

အမှန်တော့ ဆုံးမပဲ့ပြင်သူ၊ ဦးဆောင်သူ ဖြစ်လာသောအခါ မိမိ၏အပြောနှင့် အလုပ်သည် ထပ်တူညီဖို့လိုသည်။ ၀စီကံနှင့် ကာယကံတစ်ထပ် တည်းကျဖို့လိုသည်။ ပြောသလိုလုပ်မှ ''သစ္စာ''ထိုက် ပေမည်။ သစ္စာထိုက်မှလည်း သားသမီးနှင့် တပည့်၊ လက်အောက်ငယ်သားတို့က လေးမြတ်ရိုသေခြင်း ဖြစ်မည်။ လေးမြတ်ရိုသေမှလည်း ဆုံးမပဲ့ပြင်မှုကို ဦး လည်မသုန်ခံယူပေလိမ့်မည်။

ဥပမာအားဖြင့် သားကို ဘောလုံးပွဲမလောင်း ရန် တားမြစ်နေသော မိဘကိုယ်တိုင်က နှစ်လုံးထီ၊ သုံးလုံးထီထိုးနေလျှင် ထိုသို့သော မိဘ၏ ဆုံးမစကား ကို သားဖြစ်သူက နာခံလိုက်နာဖို့မလွယ်လှပေ။ ဖခင် ဖြစ်သူက အရက်စွဲနေလျှင် မိခင်ဖြစ်သူက သားကို အရက်မသောက်ရန် ဆိုဆုံးမသော်လည်း အောင်မြင် လိမ့်မည်မဟုတ်ပါ။ ဘုန်းကြီးကျောင်းတွင် ဆရာ တော်ကိုယ်တိုင်က နိုင်ငံခြားဘောလုံးပွဲများ ကြည့်နေ သော် ကျောင်းရှိဦးပÍ္စင်း၊ ကိုရင်များကို ဘောလုံးပွဲ မကြည့်ရန်တားမြစ်၍ မရနိုင်၊ (တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီးသည် ရေဒီယိုဖွင့်၍ သီချင်းနားထောင် သော ဦးပÍ္စင်းအား ထိုသို့မပြုရန်ဆုံးမတော်မူခဲ့ပါသည်) ထို့အတူ ရုံးတက်ချိန်မမှန်သောအရာရှိသည် လက် အောက်ဝန်ထမ်းတို့ကို ရုံးတက်ချိန်မှန်ရန် ညွှန်ကြား သော်လည်း ရာနှုန်းပြည့်အောင်မြင်မှု မရနိုင်ပေ။

အကောင်းစား စပရိန်မွေ့ရာ၊ ဖိတ်ဖိတ် တောက်ကော်ဇော၊ ဆိုဖာဆက်တီ၊ ရေခဲသေတ္တာ၊ လေ အေးစက်၊ ရေပူရေနွေးချိုးစက်၊ ဂြိုဟ်တုစလောင်းစက်၊ ဇိမ်ခံကားစသည်တို့နှင့် အဆင့်မြင့်အထက်တန်းကျကျ သီတင်းသုံးနေတော်မူသော ကမ္မဋ္ဌာနာစရိယ ဆရာ တော်တစ်ပါးသည် ယောဂီတို့အား ခန္ဓာကိုယ်၏ အပြစ် ကိုမြင်ရန်၊ ခန္ဓာကိုယ်ကို ဒုက္ခတုံးကြီးအဖြစ် ရှုမြင်ရန် ဟောကြားဆုံးမနေသော် ''အပြော''နှင့် ''အနေအထိုင်'' တစ်ထပ်တည်းမကျပေ။

နှစ်ဆယ်ရာစု၏ ဗုဒ္ဓဃောသဟု အကျော် အစောရှိတော်မူပြီး သာသနာ့သမိုင်းတွင် ထင်ရှား တော်မူလှသော တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသသည် ထိုစဉ်က သံဃာအပါး ၆၀၀ခန့်ရှိသော တပည့်သံဃာတော်များအား အောင် မြင်စွာ စီမံအုပ်ချုပ်တော်မူခဲ့ပါသည်။ သံဃာအပါး ၆၀၀ခန့်ရှိသော ကျောင်းတိုက်ကြီးဖြစ်သော်လည်း အစဉ် တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၍ ကျောင်းသို့လာ သူတိုင်းက တအံ့တသြ ချီးမွမ်းပြောဆိုကြရသည်ချည်း ဖြစ်၏။ စည်းကမ်းထိန်းသိမ်းမှု အကောင်းဆုံးသော ပရိယတ္တိစာသင်တိုက်ကြီးအဖြစ် နိုင်ငံနယ်နိမိတ်ကို ကျော်လွန်၍ပင် ထင်ရှားပါသည်။

ဆရာတော်ကြီးသည် ''အသက်ရှင်နေသမျှ ကာလပတ်လုံး အလုပ်လုပ်ရမည်''ဟူသောခံယူချက် အတိုင်း ဘ၀တစ်လျှောက်လုံး မနေမနား သာသနာ့ တာဝန်ကို ထမ်းဆောင်တော်မူခဲ့ပါသည်။ အနေအထိုင် တွင် ရိုးစင်းအေးချမ်း ခြိုးခြံရောင့်ရဲစွာ စံပြသဖွယ် နေထိုင်သွားတော်မူခဲ့ပါသည်။ အကျော်အစောကြီးမား ပြီး ဒကာဒကာမတို့၏ ကြည်ညိုမှုကို ထူးထူးကဲကဲ ခံယူရရှိတော်မူသော ဆရာတော်ကြီးသည် မန္တလေး မြို့၊ မိုးကုတ်မြို့တို့မှ

စင်စစ်သော် သားသမီးက မိဘထက်ပို၍ ''တော်''ရမည်။ တပည့်ကဆရာထက် ပို၍''တော်''ရ မည်။ သို့မှသာ ရှေ့မျိုးဆက်ထက် နောက်မျိုးဆက်က ပိုမို၍ ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မည်။ မိဘတိုင်းကလဲ မိမိ၏ သားသမီးကို မိမိထက်ပို၍ ''တတ်''စေ၊ ''တော်'' စေ၊ ''ကောင်း''စေလိုသည်ချည်းဖြစ်ပါ၏။ ထို့အတူ ဆရာဆရာမတို့ကလည်း မိမိ၏တပည့်ကို မိမိတို့ထက် ''တတ်''စေ၊ ''တော်''စေ၊ ''ကောင်း''စေလိုသည်ချည်း ဖြစ်ပါ၏။

မိမိ၏သွန်သင်ဆုံးမမှုကို သားသမီးနှင့်တပည့် တို့က ဦးလည်မသုန် လိုက်နာဆောင်ရွက်စေလိုသော် အထက်ပါ ''အခြားသူကို ဆုံးမသလို မိမိကိုယ်ကိုလဲ ထိုအတိုင်းပြုလုပ်ရာ၏။ ကိုယ်တိုင်ကလဲ ယဉ်ကျေးပြီး မှ အခြားသူကိုဆုံးမရာ၏''ဟူသော ဘုရားရှင်၏ အဆုံးအမတော်ကို ဦးထိပ်ပန်ဆင်လျက် ကျင့်သုံးလိုက် နာအပ်ပါသည်။ ။

Philosophy

Your child will have the opportunity to pursue a range of extracurricular activities to complement his or her rigorous academic curriculum. Our low student-to-teacher ratio ensures that your child gets the attention he or she deserves.

We invite you to come visit our school and learn more about our philosophy for preparing your child for success.

www.superstar.org www.superone.org, yangon, yangon | non

This free website was made using Yola.

No HTML skills required. Build your website in minutes.

Go to www.yola.com and sign up today!

Make a free website with Yola